ရေသန့်တစ်ခွက်နဲ့တူတဲ့မိန်းမ



> ရေသန့်တစ်ခွက်နဲ့ တူတဲ့ဖြူစင်တဲ့ မိန်းမတွေဟာ လျစ်လျူရူခံရတာများပါတယ်။ ရေသန့်ဟာအရသာကင်းမဲ့ပြီး အရောင်အဆင်းမ၇ှိတတ်ပါဘူး ။ ရေဟာ ဖြူစင်ပါတယ်။ မစင်ကြယ်တဲ့အရာတွေကို စင်ကြယ်အောင် ပံ့ပိုးလျှော်ဖွတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ရေသန့်တစ်ခွက်နဲ့တူတဲ့ မိန်းမတွေရဲ့တန်ဖိုးကို နားမလည်ကြပါဘူး။ အရောင်အဆင်း အနံ့အရသာတွေနဲ့ ပြည့်စုံနေတဲ့ အချိုရည်လို မိန်းမတွေကြတော့ ဂရုစိုက်ခံရတာများပါတယ်။ သူတို့ရဲ့ အရောင်အသွေးနဲ့ အရသာဟာ လူတွေကိုစွဲဆောင်မှုတစ်ခုတော့ ပေးပါလိမ့်မယ်။ ဒါပေမဲ့ ဒီအချိုရည်တွေ သောက်သုံးပြီးတဲ့အခါမှာ ပါးစပ်ချဉ်တတ်ကြတာကိုတော့ သောက်သုံးဖူးသွားတဲ့သူတိုင်း သိကြပါတယ်။ အမြဲလိုလိုမရှိမဖြစ် ရေကိုသောက်သုံးရပြီး ၊ ရေဟာမရှိမဖြစ်ဆိုတာလည်း သိကြပါတယ်။ ဒါပေမဲ့ လွယ်လွယ်နဲ့ရနေတဲ့ ရေတစ်ခွက်ကိုတော့ တန်ဖိုးမထားတတ်ကြပါဘူး။ မိန်းမကောင်း မိန်းမမြတ်တွေကလဲ ရေသန့်တစ်ခွက်နဲ့တူပါတယ်လူတိုင်းအတွက်တန်ဖိုးရှိပါတယ်။ သင့်လက်ထဲမှာရော ရေသန့်တစ်ခွက်ရှိနေပီလား???? ရေတစ်ခွက်လက်ဝယ်ပိုင်ဆိုင်ရနေပြီဆိုလည်း သင်တန်ဖိုးထားပါ။ Credit....Original Writer ᠌᠌᠌ ᠌᠌

Comments

Popular posts from this blog

Wutt Hmone Shwe Yi

အ​မေဆိုတာက.....

Chrissie Chau