"ကထိန် အကြောင်း သိကောင်းစရာ"
ကထိန် ကထိန်ဆိုသော ဝေါဟာရသည် ကထိန ပါဠိပုဒ်မှ ဆင်းသက်လာသည်။ မြန်မာ့စာပေများတွင် ပါဠိစကားလုံးများကို မွေးဖွား အသုံးပြုထားသည်ကို များစွာ တွေ့ရသည်။ ကထိန်ဆိုသော မြန်မာစကားလုံးသည်လည်း ထိုနည်းတူစွာ မွေးစားစကားလုံးဖြစ်သည်။ အနုဇာနာမိ ဘိက္ခဝေ ၀ဿဝုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ။ ဆိုလိုသည်မှာ- ၀ါဆိုပြီးသော ရဟန်းတော်များအတွက် ကထိန်သင်္ကန်း ခင်းခြင်းကို ခွင့်ပြုတော်မူသည် ဟု ၀ိနည်း မဟာဝါပါဠိတော်မှာ ဘုရားရှင်ကိုယ်တိုင် နုတ်တော်မှ ထွက်လာသော မဟာကရုဏာစကားတော် ဖြစ်ပါသည်။ ကထိန်ဆိုတာ မြဲမြံခိုင်ခန့်ခြင်း ဆိုလိုခြင်း ဖြစ်သည်။ အကျိုးငါးအင် အာနိသင်များကို တပြိုင်တည်း ရနိုင်သောအမှု၊ ဘုရားစသော ပုဂ္ဂိုလ်များက ချီးမွမ်းအပ်သော အမှု၊ သစ်ပင်ကြီးကဲ့သို့ မြဲမြံခိုင်ခန့်သော အမှု၊ သင်္ကန်းဖြတ်၊ ချုပ်၊ ဆိုးခြင်း၊ လှူခြင်း၊ ခင်းခြင်း စသော ကထိန်နှင့်စပ်သမျှ ခေါ်ဝေါအပ်သော စကားကို ကထိန (ကထိန်) ဟု ခေါ်သည်။ အစဉ်အလာရှိခဲ့ ကထိန်ခင်းခြင်းသည် ရှေးဘုရားရှင်များ လက်ထက်တော်ကပင် ရှိခဲ့ဖူးသည်။ ဒီပင်္ကရာဘုရားရှင်မှ ရေတွက်သော် ရှစ်ဆူမြောက် ပဒုမမြတ်စွာဘုရား လက်ထက်တော်ကထဲက ကထိန်ခွင့်ပြုထားသည်ကို ဗုဒ္ဓ၀ံသဋ္ဌကထာမှာ တွေ့နိုင်ပါသည်။ ထိုဘုရားရှင်လက်ထက်တော်၌ ဥ...
Comments
Post a Comment