Posts

Showing posts with the label Facebook

ဘဝမှာ အမှားနည်းဖို့

Image
ကိုယ့်ဘဝအတွက် အရေးမပါတဲ့ လူတွေဆီက ပြစ်တင်ဝေဖန်မှုတွေကို လိုက်ခံစားမနေပါနဲ့... ကိုယ့်ကို မလိုမုန်းထား အပုပ်ချနေတဲ့ လူတွေ ဆီက ကဲ့ရဲ့ရှုတ်ချမှုတွေကို ဂရုစိုက်မနေပါနဲ့... ကိုယ်တန်ဖိုးထား လေးစားတဲ့ သူတွေဆီက ထောက်ပြဝေဖန်မှုကို နှစ်ခြိုက်စွာ ကြိုဆို လက္ခံပါ... ကိုယ်ယုံကြည်မြတ်နိုးရတဲ့ သူတွေဆီက သတိပေး ညွှန်ပြတာတွေကို ဝမ်းမြောက်စွာ ခံယူလိုက်နာပါ.... တကယ်ဖြစ်နေတတ်တာက... ကိုယ့်ဘဝအတွက် အရေးမပါတဲ့သူတွေ... ကိုယ့်ကိုအမုန်းပွါးနေတဲ့ သူတွေဆီက တုန့်ပြန်ရိုက်ခတ်မှုတွေကိုပဲ ယူကြုံးမရ ခံစားနေတတ်တာ... မကြေမနပ်ဖြစ်မိတာ... လိုက်ပြီးဖြေရှင်းနေမိတာ... အဲ့ဒါတွေနဲ့ပဲ အချိန်ကုန်နေမိတာ များပါတယ်...တကယ်တမ်း လေးနက်စွာ တွေးကြည့်ရင် အနစ်နာကြီး နစ်နာသွားတာက ကိုယ်ပါ...မှားနေတာက ကိုယ်ပါ.... ဒါကြောင့် ကိုယ့်ဘဝအတွက် အရေးမပါတဲ့ သူတွေဆီက တုန့်ပြန်ရိုက်ခတ်လာမှုတွေကို အချိန်ပေး ခံစားမနေပါနဲ့... အချိန်ပေး ပေါက်ကွဲမနေပါနဲ့... အချိန်ပေး ဖြေရှင်းမနေပါနဲ့... ကိုယ်လေးစား တန်ဖိုးထားတဲ့ ကိုယ် ယုံကြည်မြတ်နိုးရတဲ့ သူတွေအတွက် အချိန်ပေးပါ...ကိုယ့်အတွေ့အကြုံ အတွေး အခေါ် အသိအမြင်တွေနဲ့ ပေါင်းစပ်ပြီး.. သူတို့ရဲ့ စကားတွေကိုလက်ခံပါ...လိုက်နာပါ.. သင...

လျော့လွန်း၍ ပတ်​သည့်​ကြိုး.....

Image
✏လူ့​ဘောင်​​လောကမှာ စည်းကမ်းဟာ မရှိမဖြစ်​ပါ။ ပထမ စိတ်​ဓာတ်​ကို အရင်​ပြင်​​ပေးနိုင်​မှ စည်းကမ်းရဲ့တန်​ဖိုးကလှတတ်​ပါတယ်​။ ✏ လူတစ်​​ယောက်​ရဲ့ စိတ်​ဓာတ်​ဟာ သူကျင်​လည်​ရာ ပတ်​ဝန်းကျင်​​ပေါ်မူ တည်​ပီး ဆိုးဆိုး​ကောင်း​ကောင်း ဖြစ်​ ​နေတတ်​ပါတယ်​။ရိုင်းစိုင်းတဲ့ပတ်​ဝန်း ကျင်​မှာ ကျင်​လည်​​နေရသူ​တွေဟာ ရိုင်းစိုင်းစိတ်​​တွေ ထုံ​နေတတ်​ပီး ယဉ်​​ ​ကျေးတဲ့ပတ်​ဝန်းကျင်​မှာ ကျင်​လည်​​နေ ရသူ​တွေဟာ ယဉ်​​ကျေးသိမ်​​မွေ့တဲ့စိတ်​ ဓာတ်​ကို ပိုင်​ဆိုင်​​နေတတ်​ပါတယ်​။ ✏ လူအဖွဲ့အစည်းတစ်​ခုမှာ​တော့ မတူညီတဲ့ စရိုက်​ ၊ မတူညီတဲ့ပတ်​ဝန်း ကျင်​ကလူ​တွေနဲ့ အတူပူး​ပေါင်းလုပ်​​ ​ဆောင်​​နေကြရတဲ့အတွက်​ စည်းကမ်း ဟာ အလွန်​အ​ရေးပါ အရာ​​ရောက်​လှ ပါတယ်​။ဒါ​ပေမယ့်​.... ✏စည်းကမ်းရဲ့သ​ဘောဟာ တင်းလွန်းလျှင်​ပြတ်​တတ်​သလို ​လျော့လွန်းလျှင်​လည်း ကိုယ့်​ကို ပြန်​ ပီးပတ်​တတ်​ပါတယ်​။ ✏ ကာလ​ဒေသနဲ့အညီ လိုအပ်​သလို စည်းကမ်းထုတ်​ပြန်​ လုပ်​​ဆောင်​နိုင်​မှ မ​လျော့မတင်းဖြစ်​ပီး သင့်​​လျော်​ပါလိမ့်​ မယ်​။ ✏ တခါက ​တောရွာ​စာသင်​​ကျောင်း တစ်​ခုမှာ ဆရာဖြစ်​သူက တပည့်​​တွေ အတွက်​ ကာလ​ဒေသနဲ့အညီ စည်း ကမ်းသစ်​ထုတ်​ပြန...

"ဇနီးတစ်ယောက်ရဲ့တန်ဖိုး"

Image
ရုပ်အဆင်းအဂါင်္လှပတဲ့ ဇနီးတစ်ယောက်ဟာ အပေါင်းအသင်းတွေကြား အမြင်တင့်ပါတယ်။ ပညာတတ်ပြီး အသိဉာဏ်ရှိတဲ့ ဇနီးမယားရဲ့တန်ဖိုး ဟာ လူတကာအလယ်မှာ တင့်တယ်ပါတယ်။ စိတ်ရင်းကောင်းမွန်မှုရှိတဲ့ ဇနီးမယားရဲ့တန်ဖိုးဟာ ဆွေမျိုးအသိုင်းအဝန်းကြားမှာ တင့်တယ်လွန်းလှတယ်။ ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ဇနီးမယားတစ်ယောက်ရဲ့ တန်ဖိုးဟာ ခင်ပွန်းသည်ဒုက္ခရောက်နေချိန်မှာ တန်ဖိုး ကြီးမားလွန်းလှပါတယ်။ တိုင်ပင်ဖော်တိုင်ပင်ဖက် အကြံကောင်းပေးနိုင်တဲ့ဇနီး မယားတစ်ယောက်ရထားရင်တော့ ခင်ပွန်းသည်ရဲ့ ဘဝရဲ့အကောင်းဆုံးလက်ဆောင်ပါပဲ။ စားဖွယ်သောက်ဖွယ်ကောင်းကို စီမံချက်ပြုတ်တတ် တာဟာလည်း ခင်ပွန်းသည်တွေ အိမ်ကပ်ဆေးပဲလေ။ အတင်းအဖျင်းတွေမပြောတတ်ဘဲ လူမှုရေးပြဿ နာ တွေမရှုပ်တတ်ရင်တော့ ဇနီးကောင်းတစ်ယောက်ပေါ့ လောကဓံအတိုက်အခိုက်တွေကြုံလာရင် ဘာသာ တရားနဲ့ နှစ်သိမ့်ပေးနိုင်သူကတော့ အမွန်မြတ်ဆုံး ပါရမီဖြည့်ဖက်တစ်ဦးပဲပေါ့.... မိန်းမသားသဘာဝအားငယ်ချိန်မှာ ... ခင်ပွန်းဟာဖခင်တစ်ယောက်လို.... တိုင်ပင်စရာကိစ္စရပ်တွေမှာ အစ်ကိုတစ်ယောက်လို.. ခွင့်လွှတ်ရမယ့်အရာတွေမှာ မောင်တစ်ယောက်လို.. ဝါသနာတူတဲ့အလုပ်တွေလုပ်ချိန်မှာ သူငယ်ချင်းလို... ခူးခပ်ကျွေးမွေးချိန်မှာ သားငယ်တစ်ယောက်လို... ပြုစုယုယခ...