Posts

သြော်---------မိန်းမ

Image
မိန်းမတွေဟာ ထူးဆန်းလွန်းပါတယ် ...။ တစ်ခါတစ်ရံ မယုံနိုင်ဖွယ်ရာ အပြုအမူလေးတွေ သူတို့ဆီမှာ တွေ့ရတတ်တယ်လေ... ဥပမာအားဖြင့် ... ပိုးဟက်လောက်ကို သေမလောက် ကြောက်တတ်ကြပေမယ့်... ကျားမကြောက်တဲ့ ယောက်ျား တစ်ယောက်လောက်ကို အသာလေး ကိုင်လှုပ်နိုင်တယ် ...။ အငိုလွယ်သူတွေ ဖြစ်ကြပေမယ့်... ယောက်ျားတစ်ယောက် ငိုနေပြီဆိုရင်တော့ အံကြိတ်ပြီး ဖြေသိမ့်ပေးနိုင်ကြပြန်တယ် ...။ တစ်ခုခုဆို အားငယ်တတ်လွန်းကြပေမယ့်... တကယ်အခက်ခဲ ကြုံလာပြီဆိုရင်တော့ ယောက်ျားရင့်မာကြီးတွေအတွက် အားအင် ဖြစ်စေပြန်တယ် ...။ နှုတ်ခမ်းပါးနောက်ကလျှာဖျားလေးက၂ ကျပ်သားလောက်သာ ရှိပေမယ့်... လက်ဝှေ့ချံပီယံ တစ်ယောက်လောက်တော့ သာသာလေး အလဲထိုးနိုင်ပြန်တယ် ...။ ကြောက်စိတ်ကြောင့် အရာတော်တော်များများမှာ တွေဝေနေတတ်ကြပေမယ့်... ဆုံးဖြတ်ပြီးရင်တော့ ရဲရင့်ပါတယ်ဆိုတဲ့ ယောက်ျားတွေထက် စိတ်ဓါတ်ခိုင်မာနေတတ်ပြန်တယ် ...။ များသောအားဖြင့် ယောက်ျားတွေထက် ဥာဏ်ရည် နိမ့်ကြပေမယ့်... တစ်ခါတစ်ရံ ဘယ်သူမှ မတွေးခေါ်နိုင်တဲ့ အတွေးအခေါ်တွေ သယ်ဆောင်လာတတ်ကြပြန်တယ် ...။ လေးလံတဲ့ အရာတွေ မသယ်နိုင်ကြပေမယ့်... ပေါင် ၁၀၀ ကျော်ဖြစ်လာမယ့် ယောက်ျားတစ်ယောက်မကကို (၉)လလောက် ဗိုက်ထဲ ထည့်ထားနိုင်

ရေသန့်တစ်ခွက်နဲ့တူတဲ့မိန်းမ

Image
> ရေသန့်တစ်ခွက်နဲ့ တူတဲ့ဖြူစင်တဲ့ မိန်းမတွေဟာ လျစ်လျူရူခံရတာများပါတယ်။ ရေသန့်ဟာအရသာကင်းမဲ့ပြီး အရောင်အဆင်းမ၇ှိတတ်ပါဘူး ။ ရေဟာ ဖြူစင်ပါတယ်။ မစင်ကြယ်တဲ့အရာတွေကို စင်ကြယ်အောင် ပံ့ပိုးလျှော်ဖွတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ရေသန့်တစ်ခွက်နဲ့တူတဲ့ မိန်းမတွေရဲ့တန်ဖိုးကို နားမလည်ကြပါဘူး။ အရောင်အဆင်း အနံ့အရသာတွေနဲ့ ပြည့်စုံနေတဲ့ အချိုရည်လို မိန်းမတွေကြတော့ ဂရုစိုက်ခံရတာများပါတယ်။ သူတို့ရဲ့ အရောင်အသွေးနဲ့ အရသာဟာ လူတွေကိုစွဲဆောင်မှုတစ်ခုတော့ ပေးပါလိမ့်မယ်။ ဒါပေမဲ့ ဒီအချိုရည်တွေ သောက်သုံးပြီးတဲ့အခါမှာ ပါးစပ်ချဉ်တတ်ကြတာကိုတော့ သောက်သုံးဖူးသွားတဲ့သူတိုင်း သိကြပါတယ်။ အမြဲလိုလိုမရှိမဖြစ် ရေကိုသောက်သုံးရပြီး ၊ ရေဟာမရှိမဖြစ်ဆိုတာလည်း သိကြပါတယ်။ ဒါပေမဲ့ လွယ်လွယ်နဲ့ရနေတဲ့ ရေတစ်ခွက်ကိုတော့ တန်ဖိုးမထားတတ်ကြပါဘူး။ မိန်းမကောင်း မိန်းမမြတ်တွေကလဲ ရေသန့်တစ်ခွက်နဲ့တူပါတယ်လူတိုင်းအတွက်တန်ဖိုးရှိပါတယ်။ သင့်လက်ထဲမှာရော ရေသန့်တစ်ခွက်ရှိနေပီလား???? ရေတစ်ခွက်လက်ဝယ်ပိုင်ဆိုင်ရနေပြီဆိုလည်း သင်တန်ဖိုးထားပါ။ Credit....Original Writer ᠌᠌᠌ ᠌᠌

"ကျွန်တော်ဖုန်းတစ်လုံးဖြစ်ချင်တယ်"

Image
ကျောင်းဆရာမတစ်ယောက် ညစာစားပြီးတာနဲ့ ကျောင်းသားတွေရဲ့ အိမ်စာတွေကို စစ်ပေးနေတယ်။ သူ့ယောက်ျားကတော့ ဘေးနားမှာ ထုံးစံအတိုင်း ဖုန်းနဲ့ဂိမ်းကစားနေတာပေါ့။ နောက်ဆုံးအိမ်စာစစ်နေတုန်းမှာ ဆရာမက မျက်ရည်တွေကျလာတယ်။ သူ့ယောက်ျားကလဲ မြင်ရော "မိန်းမ ဘာဖြစ်လို့ငိုတာလဲ၊ ဘာဖြစ်တာလဲ" လို့မေးတယ်။ မိန်းမ - မနေ့တုန်းက ကျွန်မကျောင်းသားတွေကို "ကျွန်ုပ်၏ဆန္ဒ" ဆိုပြီး စာစီစာကုံးရေးခိုင်းလိုက်တယ်။ ယောက်ျား - အေး အဲဒါနဲ့ မင်းက ဘာလို့ငိုနေတာလဲ။ မိန်းမ - နောက်ဆုံးစာအုပ်ကို စစ်ရတာ ငိုချင်လာလို့ပါ။ ယောက်ျား - ဘာများရေးထားလို့လဲ။ မိန်းမ - သူရေးထားတာ နားထောင်ကြည့်။ "ကျွန်တော့်ရဲ့ ဆန္ဒကတော့ ဖုန်းတစ်လုံးဖြစ်ဖို့ပါ။ ကျွန်တော့်ရဲ့အဖေနဲ့အမေဟာ သူတို့ဖုန်းတွေကို သိပ်ချစ်တယ်။ အဲဒီဖုန်းတွေကိုပဲ ဂရုစိုက်ပြီး အချိန်ယူနေရလို့ တခါတလေ ကျွန်တော့်ကိုတောင် သိပ်ဂရုမစိုက်နိုင်ဘူး။ ကျွန်တော့်အဖေရုံးက ပင်ပန်းပြီးပြန်လာတဲ့အခါလဲ ဖုန်းကိုတော့ အချိန်ပေးတယ်။ ကျွန်တော့်အတွက်အချိန်မရှိဘူး။ သူတို့တွေ အရေးကြီးတဲ့အလုပ်လုပ်နေတုန်း ဖုန်းမြည်ရင် ချက်ချင်းသွားကိုင်တယ်။ ဒါပေမယ့် သူတို့တွေ အရေးကြီးတ

ပရုပ်လုးံနံ့လေး မွှေးနေတဲ့ အဝတ်အထည်တွေရဲ့ အန္တရာယ်

Image
အဝတ်အထည်လေးတွေ ပရုပ်လုးံနံ့လေး သင်းနေအောင်၊ သန့်ရှင်းတဲ့ ရနံ့လေး၊ ပိုးမွှားတွေတက်မှာလဲမပူရအောင်ဆိုပြီး ပရုပ်လုံးတွေကို ရှိသမျှ အဝတ်ဗီရို၊မွေ့ယာ၊စောင်တွေသိမ်းတဲ့နေရာ၊သားသားမီးမီးတို့ရဲ့ အဝတ်ခြင်းတောင်းတွေထဲမှာ ထည့်ကြတာ ဆန်းတာလုပ်လို့ ပြောစရာရှိတယ်။ ဘာများ မှားပြန်ပြီလဲပေါ့။တသက်လုးံ ဒီတိုင်းလုပ်တာ ဒီChild Health Myanmar က ဆရာဝန်တွေ ဘာများပြောဦးမှာလဲ? အင်္ဂလိပ်လို Moth Balls လို့ခေါ်ပြီး မြန်မာပြည်မှာ ပရုပ်လုးံလို့သိကြပါတယ်။ ဆိုလိုတာက ပိုးမွှားပြေးအောင် သုးံတာပေါ့လေ။ ပါဝင်တဲ့ ဓာတုပေဒ ဓာတ်က Naphthalene နဲ့ Paradichlorobenzene. (နပ်ဖ်သလင်း နဲ့ ပါရာဒိုင်ကလိုရိုဘန်ဇင်း)ဖြစ်ပါတယ်။ ပရုပ်လုးံရဲ့ အာနိသင်ကိုက တဖြေးဖြေးလုးံပါးပါးပြီး အငွေ့ပျံတာလေ။ ပျံတဲ့ အငွေ့တွေက အပေါ်က ပြောတဲ့ ဓာတုဓာတ်တွေပေါ့။ စူးစူးရှရှနဲ့ သင်းပျံတဲရနံ့ လို့ သတ်မှတ်ထားကြတဲ့ အငွေ့တွေက သားသားမီးမီးတို့အပြင် လူကြီးတွေရော ၊ကလေးငယ်၊ဖိုးဖိုးဖွားဖွား အားလုးံရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အဆိပ်ငွေ့သဘောပါပဲ။ ဖြေးဖြေးချင်း သူလဲလုးံပါးပါးရင်း ကိုယ်ကိုလဲထိခိုက်နေတာပေါ့။ အနဲအများပဲကွာတယ်။ သိတောင်မသိလိုက်ကြဘူး။ အဲဒီ အငွေ့တွေက မျက်စိ၊အသက်ရှူလမ်

အ​မေဆိုတာက.....

Image
အမေဆိုတာက … ကိုယ်ဘာတွေကြိုက်တတ်တယ်ဆိုတာ မှတ်ထားပြီး ကိုယ်မထင်မှတ်ထားတဲ့ အချိန်မျိုးမှာ ချက်ကျွေးတတ် တယ်။ အမေဆိုတာက … ကိုယ်က အမေပြန်လာရင် ဟိုဟာလေး ဝယ်ခဲ့ ဒီဟာ လေးဝယ်ခဲ့လို့ မှာတိုင်း ဝယ်ခဲ့မှာ မဟုတ်တဲ့ပုံမျိုးနဲ့ ပြန်လာရင် ကိုယ်မှာတာကို မရရအောင် ဝယ်ခဲ့ပေး တတ်တယ်။ အမေဆိုတာက … ကိုယ်ကြိုက်တဲ့ အရောင်အသွေးလေးတွေ မှတ်ထား ပြီး ကိုယ်ကြိုက်မယ်ဆိုတဲ့ အရာလေးတွေကို အဲ့ဒီ အ ရောင်လေးတွေ အတိုင်း ဝယ်ပေးတတ်တယ်။ အမေဆိုတာက … ကိုယ်နဲ့ အပြန်မလှန်စိတ်ကောက်နေရင်တောင် ကိုယ့်ကိုယ် ထမင်းစားချိန်ရောက်ရင် ထမင်းစားတော့ လေလို့ သတိပေးတတ်တယ်။ အမေဆိုတာက … ကိုယ်အပြင်သွားတိုင်း ဖုန်းလေးတောက်လျှောက်ခေါ် ပြီး နောက်ကျနေပြီ ပြန်လာတော့ဆိုပြီး အမြဲသတိပေး တတ်တယ်။ အမေဆိုတာက … ကိုယ်နဲ့သူ တစ်ခုခုကြောင့်စကားများပြီး မခေါ် ကြရင်တောင် ကိုယ်ကြိုက်တာလေး ကိုယ်စားတတ် တာလေးဆိုပြီး သတိတရနဲ့ဝယ်လာပြီး အဖေဝယ်လာ သလိုပုံစံမျိုးနဲ့ ပေးလိုက်ဆိုပြီး ပေးတတ်တယ်။ အမေဆိုတာက … ကိုယ့်အဝတ်တွေ ပုံနေပြီ ဘယ်တော့လျှော်မှာလဲလို့ ဆူပူပြီး ကိုယ်မရှိတဲ့အခါ လျှော်လှမ်းထားပေးတတ် တယ်။ အမေဆိုတာက … ပါးစပ်ကသာ ကိုယ့်ကိုယ်ဆူပူနေတာ ဘာဖြစ်တယ် ညာ

ဘဝမှာ အမှားနည်းဖို့

Image
ကိုယ့်ဘဝအတွက် အရေးမပါတဲ့ လူတွေဆီက ပြစ်တင်ဝေဖန်မှုတွေကို လိုက်ခံစားမနေပါနဲ့... ကိုယ့်ကို မလိုမုန်းထား အပုပ်ချနေတဲ့ လူတွေ ဆီက ကဲ့ရဲ့ရှုတ်ချမှုတွေကို ဂရုစိုက်မနေပါနဲ့... ကိုယ်တန်ဖိုးထား လေးစားတဲ့ သူတွေဆီက ထောက်ပြဝေဖန်မှုကို နှစ်ခြိုက်စွာ ကြိုဆို လက္ခံပါ... ကိုယ်ယုံကြည်မြတ်နိုးရတဲ့ သူတွေဆီက သတိပေး ညွှန်ပြတာတွေကို ဝမ်းမြောက်စွာ ခံယူလိုက်နာပါ.... တကယ်ဖြစ်နေတတ်တာက... ကိုယ့်ဘဝအတွက် အရေးမပါတဲ့သူတွေ... ကိုယ့်ကိုအမုန်းပွါးနေတဲ့ သူတွေဆီက တုန့်ပြန်ရိုက်ခတ်မှုတွေကိုပဲ ယူကြုံးမရ ခံစားနေတတ်တာ... မကြေမနပ်ဖြစ်မိတာ... လိုက်ပြီးဖြေရှင်းနေမိတာ... အဲ့ဒါတွေနဲ့ပဲ အချိန်ကုန်နေမိတာ များပါတယ်...တကယ်တမ်း လေးနက်စွာ တွေးကြည့်ရင် အနစ်နာကြီး နစ်နာသွားတာက ကိုယ်ပါ...မှားနေတာက ကိုယ်ပါ.... ဒါကြောင့် ကိုယ့်ဘဝအတွက် အရေးမပါတဲ့ သူတွေဆီက တုန့်ပြန်ရိုက်ခတ်လာမှုတွေကို အချိန်ပေး ခံစားမနေပါနဲ့... အချိန်ပေး ပေါက်ကွဲမနေပါနဲ့... အချိန်ပေး ဖြေရှင်းမနေပါနဲ့... ကိုယ်လေးစား တန်ဖိုးထားတဲ့ ကိုယ် ယုံကြည်မြတ်နိုးရတဲ့ သူတွေအတွက် အချိန်ပေးပါ...ကိုယ့်အတွေ့အကြုံ အတွေး အခေါ် အသိအမြင်တွေနဲ့ ပေါင်းစပ်ပြီး.. သူတို့ရဲ့ စကားတွေကိုလက်ခံပါ...လိုက်နာပါ.. သင