"ဇနီးတစ်ယောက်ရဲ့တန်ဖိုး"

ရုပ်အဆင်းအဂါင်္လှပတဲ့ ဇနီးတစ်ယောက်ဟာ အပေါင်းအသင်းတွေကြား အမြင်တင့်ပါတယ်။ ပညာတတ်ပြီး အသိဉာဏ်ရှိတဲ့ ဇနီးမယားရဲ့တန်ဖိုး ဟာ လူတကာအလယ်မှာ တင့်တယ်ပါတယ်။ စိတ်ရင်းကောင်းမွန်မှုရှိတဲ့ ဇနီးမယားရဲ့တန်ဖိုးဟာ ဆွေမျိုးအသိုင်းအဝန်းကြားမှာ တင့်တယ်လွန်းလှတယ်။ ဖြတ်ထိုးဉာဏ်ကောင်းတဲ့ ဇနီးမယားတစ်ယောက်ရဲ့ တန်ဖိုးဟာ ခင်ပွန်းသည်ဒုက္ခရောက်နေချိန်မှာ တန်ဖိုး ကြီးမားလွန်းလှပါတယ်။ တိုင်ပင်ဖော်တိုင်ပင်ဖက် အကြံကောင်းပေးနိုင်တဲ့ဇနီး မယားတစ်ယောက်ရထားရင်တော့ ခင်ပွန်းသည်ရဲ့ ဘဝရဲ့အကောင်းဆုံးလက်ဆောင်ပါပဲ။ စားဖွယ်သောက်ဖွယ်ကောင်းကို စီမံချက်ပြုတ်တတ် တာဟာလည်း ခင်ပွန်းသည်တွေ အိမ်ကပ်ဆေးပဲလေ။ အတင်းအဖျင်းတွေမပြောတတ်ဘဲ လူမှုရေးပြဿ နာ တွေမရှုပ်တတ်ရင်တော့ ဇနီးကောင်းတစ်ယောက်ပေါ့ လောကဓံအတိုက်အခိုက်တွေကြုံလာရင် ဘာသာ တရားနဲ့ နှစ်သိမ့်ပေးနိုင်သူကတော့ အမွန်မြတ်ဆုံး ပါရမီဖြည့်ဖက်တစ်ဦးပဲပေါ့.... မိန်းမသားသဘာဝအားငယ်ချိန်မှာ ... ခင်ပွန်းဟာဖခင်တစ်ယောက်လို.... တိုင်ပင်စရာကိစ္စရပ်တွေမှာ အစ်ကိုတစ်ယောက်လို.. ခွင့်လွှတ်ရမယ့်အရာတွေမှာ မောင်တစ်ယောက်လို.. ဝါသနာတူတဲ့အလုပ်တွေလုပ်ချိန်မှာ သူငယ်ချင်းလို... ခူးခပ်ကျွေးမွေးချိန်မှာ သားငယ်တစ်ယောက်လို... ပြုစုယုယချိန်မှာ ချစ်သူတစ်ယောက်လို.... သဘောထားခဲ့ရင်တော့ မယားမြတ်တစ်ယောက်ပေါ့ ဇနီးမယားတစ်ယောက်ဟာ ခင်ပွန်းတစ်ယောက်ကို နိဗ္ဗာန်အထိပါရမီဖြည့်နိုင်သလို ငရဲရောက်အောင် လည်းလုပ်နိုင်ပါတယ်။ တကယ်ချစ်တတ်တဲ့ ဇနီးမယားဆိုတာ ခင်ပွန်းနှုတ်က ဖွင့်ဟစရာမလိုဘဲ သူ့ရဲ့စိတ်ဆန္ဒကို အလိုလိုသိနေသူ ပဲပေါ့။ မဟူရာ နတ်သမီး သင့်အိမ်က မိန်းမဟာ... ဗိုက်ပူချင် ပူမယ်... နှိုက်ချူမယ့်သူတော့ မဟုတ်ဘူးးးး ပုံပျက်ချင် ပျက်မယ်... ဂုဏ်ပျက်သူတော့ မဟုတ်ဘူးးးးး အရမ်းမလန်းရင်သာ နေမယ်... ဘဲတိုင်း နမ်းဒဲ့ဟာ မဟုတ်ဘူးးးးးး ပွစိပွစိ လုပ်ချင်လုပ်မယ်... ယွစိယွစိ လှုပ်မယ့်ဟာတော့ မဟုတ်ဘူးးးးးး အိမ်​ထာင့်တာဝန်တွေကြောင့် နွမ်းချင်နွမ်းနေမယ်.. ကုတင်တကာတက်နေလို့ ပမ်းနေတာ မဟုတ်ဘူးးးးးး စင်းလုံးချောတဲ့ အလှတွေ မရှိတော့ရင်တောင် ပိုင်းလုံးစားတဲ့ အတန်းထဲက မဟုတ်ဘူးးးးးးး ချိုချိုအေးအေး ပြောတတ်ချင်မှ ပြောတတ်လိမ့်မယ်.. တဏှာထပီး နှာကြွသံတော့ ထွက်မှာမဟုတ်ဘူးးးးးး အပြုစု အနုရွ ရချင်မှ ရလိမ့်မယ်.... အလှအပဘန်းပြ ဖိုတကာကို ယုယနေမယ့်သူမျိုး မဟုတ်ဘူးးးးးးး သင့်မိန်းမဟာ အဟောင်းဂျီး ဖြစ်နေခဲ့ယင်တောင် Made in USAဘာ.... Second ဖြစ်သွားရင်တောင် Brand new made in China ထက်တော့ အပုံဂျီး သာသေးတယ်ဆိုတာ သင်မမေ့နဲ့...,,,,,,,
 copy from ငွေတာရီ


Comments

Popular posts from this blog

Wutt Hmone Shwe Yi

အ​မေဆိုတာက.....

Chrissie Chau