လျော့လွန်း၍ ပတ်သည့်ကြိုး.....
✏လူ့ဘောင်လောကမှာ စည်းကမ်းဟာ မရှိမဖြစ်ပါ။ ပထမ စိတ်ဓာတ်ကို အရင်ပြင်ပေးနိုင်မှ စည်းကမ်းရဲ့တန်ဖိုးကလှတတ်ပါတယ်။ ✏ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ဟာ သူကျင်လည်ရာ ပတ်ဝန်းကျင်ပေါ်မူ တည်ပီး ဆိုးဆိုးကောင်းကောင်း ဖြစ် နေတတ်ပါတယ်။ရိုင်းစိုင်းတဲ့ပတ်ဝန်း ကျင်မှာ ကျင်လည်နေရသူတွေဟာ ရိုင်းစိုင်းစိတ်တွေ ထုံနေတတ်ပီး ယဉ် ကျေးတဲ့ပတ်ဝန်းကျင်မှာ ကျင်လည်နေ ရသူတွေဟာ ယဉ်ကျေးသိမ်မွေ့တဲ့စိတ် ဓာတ်ကို ပိုင်ဆိုင်နေတတ်ပါတယ်။ ✏ လူအဖွဲ့အစည်းတစ်ခုမှာတော့ မတူညီတဲ့ စရိုက် ၊ မတူညီတဲ့ပတ်ဝန်း ကျင်ကလူတွေနဲ့ အတူပူးပေါင်းလုပ် ဆောင်နေကြရတဲ့အတွက် စည်းကမ်း ဟာ အလွန်အရေးပါ အရာရောက်လှ ပါတယ်။ဒါပေမယ့်.... ✏စည်းကမ်းရဲ့သဘောဟာ တင်းလွန်းလျှင်ပြတ်တတ်သလို လျော့လွန်းလျှင်လည်း ကိုယ့်ကို ပြန် ပီးပတ်တတ်ပါတယ်။ ✏ ကာလဒေသနဲ့အညီ လိုအပ်သလို စည်းကမ်းထုတ်ပြန် လုပ်ဆောင်နိုင်မှ မလျော့မတင်းဖြစ်ပီး သင့်လျော်ပါလိမ့် မယ်။ ✏ တခါက တောရွာစာသင်ကျောင်း တစ်ခုမှာ ဆရာဖြစ်သူက တပည့်တွေ အတွက် ကာလဒေသနဲ့အညီ စည်း ကမ်းသစ်ထုတ်ပြန...