လျော့လွန်း၍ ပတ်​သည့်​ကြိုး.....

✏လူ့​ဘောင်​​လောကမှာ စည်းကမ်းဟာ မရှိမဖြစ်​ပါ။ ပထမ စိတ်​ဓာတ်​ကို အရင်​ပြင်​​ပေးနိုင်​မှ စည်းကမ်းရဲ့တန်​ဖိုးကလှတတ်​ပါတယ်​။ ✏ လူတစ်​​ယောက်​ရဲ့ စိတ်​ဓာတ်​ဟာ သူကျင်​လည်​ရာ ပတ်​ဝန်းကျင်​​ပေါ်မူ တည်​ပီး ဆိုးဆိုး​ကောင်း​ကောင်း ဖြစ်​ ​နေတတ်​ပါတယ်​။ရိုင်းစိုင်းတဲ့ပတ်​ဝန်း ကျင်​မှာ ကျင်​လည်​​နေရသူ​တွေဟာ ရိုင်းစိုင်းစိတ်​​တွေ ထုံ​နေတတ်​ပီး ယဉ်​​ ​ကျေးတဲ့ပတ်​ဝန်းကျင်​မှာ ကျင်​လည်​​နေ ရသူ​တွေဟာ ယဉ်​​ကျေးသိမ်​​မွေ့တဲ့စိတ်​ ဓာတ်​ကို ပိုင်​ဆိုင်​​နေတတ်​ပါတယ်​။ ✏ လူအဖွဲ့အစည်းတစ်​ခုမှာ​တော့ မတူညီတဲ့ စရိုက်​ ၊ မတူညီတဲ့ပတ်​ဝန်း ကျင်​ကလူ​တွေနဲ့ အတူပူး​ပေါင်းလုပ်​​ ​ဆောင်​​နေကြရတဲ့အတွက်​ စည်းကမ်း ဟာ အလွန်​အ​ရေးပါ အရာ​​ရောက်​လှ ပါတယ်​။ဒါ​ပေမယ့်​.... ✏စည်းကမ်းရဲ့သ​ဘောဟာ တင်းလွန်းလျှင်​ပြတ်​တတ်​သလို ​လျော့လွန်းလျှင်​လည်း ကိုယ့်​ကို ပြန်​ ပီးပတ်​တတ်​ပါတယ်​။ ✏ ကာလ​ဒေသနဲ့အညီ လိုအပ်​သလို စည်းကမ်းထုတ်​ပြန်​ လုပ်​​ဆောင်​နိုင်​မှ မ​လျော့မတင်းဖြစ်​ပီး သင့်​​လျော်​ပါလိမ့်​ မယ်​။ ✏ တခါက ​တောရွာ​စာသင်​​ကျောင်း တစ်​ခုမှာ ဆရာဖြစ်​သူက တပည့်​​တွေ အတွက်​ ကာလ​ဒေသနဲ့အညီ စည်း ကမ်းသစ်​ထုတ်​ပြန်​ပါတယ်​။ ရွာဘုရားပွဲကျင်းပ​နေဆဲကာလ ဖြစ်​ တဲ့အတွက်​ အတန်းချိန်​လစ်​ပီး ဘုရား ပွဲ ခိုးထွက်​လည်​ရင်​ ထိုင်​ထ အခါ၅၀ လုပ်​ရမယ်​ဆိုပီး စည်းကမ်းသစ်​ ထုတ်​ လိုက်​ပါတယ်​။၁၀တန်း​ကျောင်းသူ​ကျောင်းသား​တွေဆို​တော့ အရှက်​ရလိမ့်​နိုးနဲ့ ထုတ်​ပြန်​လိုက်​တာပါ။ ပထမရက်​မှာပဲ ​ကျောင်းသား၃​ ​ယောက်​ အတန်းချိန်​လစ်​ပီး ဘုရားပွဲ ကိုခိုးထွက်​ကြတယ်​။ဒါကို ဆရာကသိ ပီး ​နောက်​ရက်​အတန်းချိန်​မှာ အဲ့ဒီ​ ​ကျောင်းသား၃​ယောက်​ကို အတန်း​ရှေ့ ​ခေါ်ထုတ်​ပီး ထိုင်​ထ အခါ၅၀ ပါးစပ် ကဆို ​လုပ်​​စေပါတယ်​။ ဒါ​ပေမယ့်​ ထိုင်​ ထအခါ၅၀ပြည့်​တာ​တောင်​ မရပ်​​ ​သေးဘဲ အခါ၁၀၀ထိဆက်​လုပ်​ကြ ​တော့ ဆရာနဲ့အတန်းသားအားလုံး မှင်​သက်​ အံ့သြ​နေကြပီး ဆရာက "​ဟေ့​ကောင်​​တွေ...ငါခိုင်းတာကအခါ ၅၀ မင်းတို့က ဘာလို့အခါ၁၀၀လုပ်​ရ တာလဲကွ"လို့ ​မေးလိုက်​​ရော ​ကျောင်းသား၃​ယောက်​ရဲ့အ​ဖြေက "​နောက်​ရက်​အတွက်​ပါ ကြို လုပ်​ထားတာပါဆရာ...."တဲ့။ မျိုးနိုင်​-တန့်​ဆည်

Comments

Popular posts from this blog

Wutt Hmone Shwe Yi

အ​မေဆိုတာက.....

Chrissie Chau